စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ sawjefry

မထင္ရေသာ

ဗြိတိသျှ ရုပ်ရှင်မင်းသမီး ဖဲန်နီ ကင်မ်ဘယ် သည် (၁၈၀၀) ခုနှစ် အစောပိုင်းတွင်
အမေရိကသို့ ပြောင်းရွေ့ခဲ့ပြီး တောင်ပိုင်းဒေသရှိ စိုက်ပျိုးရေးခြံပိုင်ရှင် Pierce Butter နှင့်
လကထ် ပခ် သဲ့ ည။် သခူ့ ငပ် နွ်း၏ စကို ပ်ျိုးရေးခြ၌ံ အလပ်ုလပ်ုနေသည့်ကျနွ မ်ျား၏အနစန်ာခံ
ပေးဆပ်မှုကြောင့် ရရှိသည့်စည်းစိမ်များဖြစ်ကြောင်းကို သူ
မသိမီအချိန်အထိ ဖဲန်နီ သည် ထိုစည်းစိမ်ချမ်းသာများနှင့်
ဘ၀ကို ပျော်မွေ့နေခဲ့သည်။
ဖဲန်နီ သည် ကျေးကျွန်များ မကြာခဏ ခံစားရသည့်
ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံပြုမူခံရပုံများကို ကိုယ်တွေ့
မှတ်တမ်းရေးသားနေစဉ်တွင်ပင် သူမ၏ခင်ပွန်းနှင့် တရားဝင်
ကွာရှင်းခဲ့သည်။ သူမ၏စာများသည် ကျွန်စနစ်ဖျက်သိမ်းရေး
ဝါဒီများထံသို့ အဆင့်ဆင့် ပျံ့နှံ့ခဲ့ပြီး ဂျော်ဂျီယန်…

လမ်းလွဲစေတတ်သော ရေစီးကြောင်းများ

သိပ္ပံစာရေးဆရာ ရှန်ကာ ဗင်ဒန်တန် သည် သူ၏ The Hidden Brain စာအုပ်ထဲတွင် သူ
အပျင်းပြေ ရေကူးထွက်လာသော နေ့တစ်နေ့အကြောင်းကို ရေးသားဖော်ပြထားသည်။
ရေက ငြိမ်သက်၊ ကြည်လင်နေပြီး ခပ်ဝေးဝေးထိရောက်အောင် သူအလွယ်တကူ
ကူးနိုင်သဖြင့် ဂုဏ်ယူကာ အားအပြည့်ရှိနေသည်။ သို့နှင့်
သူလည်း ကမ်းရိုးတန်းမှ ပင်လယ်ဝအထိ ကူးခတ်ရန် စိတ်
ဆုံးဖြတ်ခဲ့သည်။ သို့သော် သူနောက်ကြောင်း ပြန်လှည့်ရန်
ကြိုးစားချိန်တွင် အရာမထင်တော့ပါ။ ရေစီးကြောင်းက
သူ့ကို လှည့်စားပြီ။ သူ့အနေနှင့် အလွယ်တကူ ကူးခတ်နိုင်
ခြင်းမှာ သူ့ခွန်အားကြောင့် မဟုတ်ဘဲ ရေစီးကြောင်းကြောင့်
သာ ဖြစ်သည်။
ကျွန်ုပ်တို့နှင့် ဘုရားသခင်အကြား ဆက်ဆံရေးမှာလည်း တစ်ခါတစ်ရံ
ထိုသို့ဖြစ်တတ်သည်။ ရေစုန်လိုက်ခြင်းက ကျွန်ုပ်တို့ကို မိမိထင်တာထက် မိမိသည်
ပိုပြီး ခွန်အားရှိသည်ဟု အထင်ရောက်စေသည်။ ဘ၀သာယာချောမွေ့ချိန်တွင်
ကိုယ့်အစွမ်းကြောင့်ဟု…

ဝေးလှသော တောင်ကုန်းပေါ်

ကျွန်တော့် ကလေးများငယ်စဉ်က အချိန်ကို ကျွန်တော် မကြာခဏ ပြန်တွေးမိသည်။
နံနက်တိုင်း၎င်းတို့ကို ခေါ်နိုးနေကျအဖြစ်လေးက ထူးထူးခြားခြား အမှတ်တရဖြစ်သည်။
နံနက်တိုင်း ၎င်းတို့၏ အိပ်ခန်းထဲသို့သွားပြီး တစ်ဦးချင်းစီ၏ နာမည်ကို တိုးညှင်းစွာ ခေါ်ပြီး
‘‘ထတော့၊ ကျောင်းသွားဖို့ ပြင်ဆင်ရမယ့်အချိန်ရောက်ပြီ’’ ဟုပြောကာ နှိုးလေ့ရှိသည်။
အာဗြဟံသည် ဘုရားသခင်၏ အမိန့်အတိုင်း နာခံ
ဆောင်ရွက်ရန် နံနက်အချိန်၌ နိုးထခဲ့သည့်အကြောင်းကို
ဖတ်ရှုရသောအခါ ကျွန်တော့်ကလေးများကို နိုးရသည့်
အချိန်များကို ပြန်တွေးရင်း ကျွန်တော့်နည်းတူ အာဗြဟံ
သည်လည်း သားဣဇက်ကို နှိုးတတ်သူလားဟု ကျွန်တော်
တွေးမိသည်။ သို့သော် ထိုနေ့နံနက်က ထူးထူးခြားခြား
အခြားမနက်ခင်းများနှင့်မတူ၊ ထိုနံနက်က ဣဇက်ကို ခေါ်နိုး
ရခြင်းသည် အာဗြံဟံအတွက် အလွန်နှလုံးကြေကွဲရသည့်
နံနက်ခင်းဖြစ်လိမ့်မည်။
အာဗြံဟံသည် ဣဇက်ကို ကြိုးနှင့်ချည်လျက် ယဇ်
ပလ္လင်ပေါ်တင်ပြီး ပူဇော်ရန်အသင့်ဖြစ်သောအချိန်တွင် ဘုရားသခင်က ယဇ်ကောင်ကို…

အကြီးမြတ်ဆုံးသောအရာ

အသင်းတော်၌ ၀တ်ပြုကိုးကွယ်စဉ် ရှေ့နှစ်တန်း သုံးတန်းအကျော်ရှိ ကလေးငယ်
တစ်ယောက်ကို ကျွန်မသတိပြုမိသည်။ သူ့ဖခင်၏ပုခုံးကို မှီကာ ဘုရားရှိခိုးလာသူ
များအား မျက်လုံးပြူးပြူးကျယ်ကျယ်ဖြင့် ဟိုကြည့်ဒီကြည့် လိုက်ကြည့်နေသည်။
လူအချို့ကို သူပြုံးပြသည်။ သွားရည်ကျလျက် သူ့
လက်ချောင်း တုတ်တုတ်လေးတွေကို စုပ်နေသော်လည်း
လက်မကိုတော့ မစုပ်ပါ။ အလွန်ချစ်ဖွယ်ကောင်းသော
ထိုကလေးငယ်လေးအပေါ် မျက်စိကျသွားသောကြောင့်
သင်းအုပ်ဆရာ၏ တရားဟောချက်ကိုပင် မကြားနိုင်အောင်
ဖြစ်သွားသည်။
စိတ်အာရုံကို လွင့်မျောစေသောအရာများက ပုံစံ
မျိုးစုံနှင့်လာတတ်ပါသည်။ မာသသည် ခရစ်တော်နှင့် စကား
ပြောပြီး ကိုယ်တော်၏စကားကို နားထောင်ရမည့်အစား၊
ချက်ပြုတ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းများနှင့် စိတ်အာရုံပျောက်နေသည်။ မာရိမှာမူ
စိတ်အာရုံလွင့်စေမည့် အရာများကို ငြင်းခဲ့သည်။ ‘‘ထိုမာရိသည် ယေရှု၏ခြေတော်ရင်း၌
ထိုင်၍ စကားတော်ကို နားထောင်လျက်ရှိ၏’’ (လု ၁၀း၃၉)။ မာရိသည် မာသကို
မကူညီသဖြင့် မာသသည် ညည်းတွားငြူစူခဲ့သည်။ သခင်ယေရှုက…

ဤနေရာမှ အစပြုပါ

၁၉၄၄ ခုနှစ် ဇွန်လ (၆) ရက်နေ့ ပြင်သစ်နိုင်ငံ၊ နော်မန်ဒီ နယ်ရှိ အူတာကမ်းခြေတွင်
အမေရိကန် အရာရှိ (၃)ဦးသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် တိုးဝှေ့ပူးကပ်နေကြသည်။
ဒီရေကြောင့် ၎င်းတို့ ကမ်းမှားတက်မိကြောင်း သိလိုက်ရချိန်၌ ထိုသူသုံးယောက်သည်
ကမန်းကတမ်း ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ ‘‘ငါတို့ အခုဘဲ တိုက်ပွဲစမယ်’’
၎င်းတို့သည် ခက်ခဲသောနေရာမှ အစပြုခဲ့ကြရသည်။
ရှောလုသည် ဒမာသက်မြို့သို့သွားရာ လမ်းခရီး၌
သခင်ယေရှုနှင့် တွေ့ဆုံပြီးနောက် ဆုံးဖြတ်ချက်ချရန်
ခက်ခဲသောအခြေအနေတွင် သူ့ရောက်နေကြောင်း သိခဲ့ သည်
(တ ၉း၁-၂၀)။သူ၏တည်နေရာနှင့်ဦးတည်ချက်များသည်
မှားယွင်းနေကြောင်း၊ သူ့ဘ၀ အစောပိုင်းကာလများကို
အလဟဿကုန်ဆုံးစေခဲ့ကြောင်း ရုပ်ခြည်းခံစားခဲ့ရသည်။
ရှေ့ဆက်လှမ်းရမည့်အသက်တာသည် ခက်ခဲကြမ်းတမ်းမည်။ သက်သောင့်သက်သာ
မရှိဘဲ ကြိုးစားရုန်းကန်ရမှုများ လိုအပ်ကောင်း လိုအပ်လာမည်။ သူဖျက်ဆီးနှိပ်စက်
ခဲ့သော ခရစ်ယာန်မိသားစုများနှင့် မျက်နှာချင်းဆိုင်ကောင်းဆိုင်ရမည်။ သို့သော်
ရှောလုက ‘‘သင်ပြုရမည့်အမှုကို ပြောလိမ့်မည်’’…

ကျွန်ုပ်တို့လုပ်ဆောင်နေသောအရာ

ရုပ်ရှင်ဝေဖန်ရေး ပူလစ်ဇာ ဆုကို ဆွတ်ခူးခဲ့သူ ရောဂျာ အက်ဘတ် ကွယ်လွန်သော
အခါ ဂျာနယ်လစ်တစ်ယောက်က သူ့အကြောင်းအား ‘‘နာမည်ဆိုးဖြင့် ကျော်ကြားလည်း၊
ဂုဏ်အသရေနှင့်ကျော်ဇောအောင်မြင်လည်း၊ နာမည်ကျော် ရုပ်ရှင်ကားကြီးတွေကို
သူမတူတဲ့ ပါရမီနဲ့ ဝေဖန်ခဲ့လို့ သူ့ကို တသီးတသန့် အင်တာဗျူးတွေ လုပ်ခဲ့ရလည်း၊
အက်ဘတ်သည် အဓိကလုပ်ဆောင်ရမည့် ရုပ်ရှင်ဇာတ်လမ်းများကို ဆန်းစစ်
သုံးသပ်ရန် တာဝန်ကို ဘယ်တော့မှ မမေ့လျော့ခဲ့ပါ။
ထိုတာဝန်ကို ထမ်းဆောင်တိုင်းလည်း စိတ်အား ထက်သန်မှု
အပြည့်၊ စူးစမ်းသောဉာဏ်ဖြင့် သုံးသပ်ခဲ့သည်’’ (Dennis
King, The Oklahoman) ဟုရေးသားခဲ့သည်။
ရှင်ပေါလုသည် သူ့အား ဘုရားသခင်စေခိုင်းသော
အရာနှင့် ဘုရားဖြစ်စေချင်သောအရာများကို မမေ့ပါ။ သူနှင့်
ခရစ်တော်၏ဆက်ဆံရေးတွင် မျက်မှောက်ပြုခြင်းနှင့်
စိတ်အားထက်သန်ခြင်းက အဓိကကျ အရေးပါသည်။
အေသင်မြို့ရှိ ဒဿနပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ခြင်း၊
မြေထဲပင်လယ်တွင် သင်္ဘောပျက်ခြင်းဘေး ကြုံရခြင်း၊…

အဖေ ကျွန်ုပ်နှင့်အတူရှိသည်

အထီးကျန်စွာ နေထိုင်သည့် သူငယ်ချင်းတစ်ဦးသည် သူမ၏ Facebook စာမျက်နှာ
တွင် `ကျွန်မမှာ သူငယ်ချင်းတစ်ယောက်မှမရှိလို့ အထီးကျန်နေတာ မဟုတ်ပါ။
ကျွန်မမှာ သူငယ်ချင်းများစွာ ရှိပါတယ်။ ကျွန်မကို ယုယထွေးပိုက်မည့်သူနှင့် ကျွန်မ
အကြောင်း စဉ်းစားပေးမည့်သူတွေရှိကြောင်း သိပါတယ်။
ဒါပေမဲ့ သူတို့တွေက ကျွန်မနှင့် တစ်ချိန်လုံးအတူ မရှိပေးနိုင်
ကြဘူးလေ´ ဟူ၍ ရေးခဲ့သည်။
သခင်ယေရှုသည် ထိုကဲ့သို့ အထီးကျန်မှုများကို
နားလည်သည်။ လောက၌ သခင်ယေရှု ကျင်လည်ခဲ့စဉ်က
နူနာရောဂါသည်၏မျက်ဝန်းမှ အထီးကျန်မှုကို သခင်မြင်ခဲ့
သည်။ မျက်မမြင်တို့၏ခေါ်သံများမှ အထီးကျန် အပယ်ခံရမှု
များကို သခင် ကြားခဲ့မည်ဟု ကျွန်တော် တွေးမိသည်။
အဆိုးဆုံးမှာ သူ၏အရင်းနှီးဆုံးမိတ်ဆွေများက သူ့ကို
စွန့်ပယ် ခဲ့ချိန်တွင် ထိုခံစားမှုကို ကိုယ်တိုင်ခံစား တွေ့ကြုံခဲ့ရ
လိမ့်မည် (မာ ၁၄း၅၀)။
သခင်ယေရှုသည် သူ့တပည့်တော်တစ်ဦး၏…

အသစ်သောအမှု

သစ်အပိုင်းအစတစ်ခုပင်ဖြစ်လင့်ကစား ချားလ်စ် ဟူးပါး က သည်ထက်ပို၍ မြင်ခဲ့သည်။
ကြာမြင့်စွာ စွန့်ပစ်ထားသော သစ်သားများကို ပြန်ရွေးထုတ်ပြီး သူပုံကြမ်းတစ်ခု
ရေးဆွဲသည်။ ထိုနောက် သူ့အပိုင် သစ်တောကြိုးဝိုင်းမှ ၀က်သစ်ချပင်နှင့် ပိုလာပင်
အချို့ကို လှဲပြီး အဖိုး၏ ပုဆိန်ဖြင့် အညီအမျှ ခုတ်ဖြတ်သည်။
တစ်စတစ်စဖြင့် သူသည် သစ်သားချောင်းအဟောင်းကို
သစ်အသစ်ဖြင့် ပိုးသည်။ ဆက်သည်။
ပို့စကတ်ပေါ်မှ ချားလ်စ်နှင့် ရှယ်လီဟူးပါးတို့၏
ပြီးပြည့်စုံစွာ လှပနေသော သစ်သားအိမ်လေးကို ယနေ့တွင်
တဲန်နဆီရစ် ဒေသတစ်လျှောက်ရှိ သစ်တောတွင်
တွေ့ရသည်။ ဧည့်ရိပ်သာတစ်ခြမ်း၊ ပြခန်းတစ်ခြမ်း
ဖွင့်လှစ်ကာ ဘိုးစဉ်ဘောင်ဆက်ထိန်းသိမ်းထားသည့်
ထိုအဆောက်အအုံသည် ချားလ်စ်၏ ရူပါရုံ၊ စွမ်းရည်နှင့်
စိတ်ရှည်ခြင်းတို့ကို သက်သေပြနေတော့သည်။
တစ်ပါးအမျိုးသားများအတွက် ရည်ရွယ်ပြီး ဧဖက်
အသင်းတော်သို့ ရှင်ပေါလု ရေးသောစာတွင် ဂျူးလူမျိုးရော၊
ဂျူးမဟုတ်သူ ယုံကြည်သူများအား တစ်စုတစ်ကိုယ်တည်း…

မထင်မရှား၊ အရေးမပါ သကဲ့သို့ ခံစားနေရပါသလား

ကျွန်ုပ်တို့သည် နေအဖွဲ့အစည်းထဲရှိ သေးငယ်လွန်းသော ဂြိုလ်ပေါ်တွင် မထင်မရှား
မှီတင်းနေထိုင်သူ လူပေါင်း ၇ ဘီလီယံထဲမှ လူများဖြစ်သည်။ စင်စစ် ဤလောက ကမ္ဘာကြီး
သည် ဘုရားသခင်ဖန်ဆင်းခဲ့သော အာကာသကြီးနှင့် ယှဉ်လိုက်လျှင် သေးငယ်သော
အဖြူရောင်အမှုန် အစက်အပြောက်တစ်ခုသာ ဖြစ်သည်။ စကြ၀ဠာကြီးဟူသည့်
အလွန်လှပပြီး အံ့ဖွယ်အရာများနှင့် ပြည့်နက်နေသော ဧရာမပန်းချီကားချပ်ပေါ်တွင်
ဤကမ္ဘာမြေသည် အစက်အပြောက်တစ်ခုသာ ဖြစ်သည်။
ထိုသို့တွေးသော် ကျွန်ုပ်တို့အနေဖြင့် လွန်စွာမှ
အရေးမပါ၊ စာရင်းမရသှိ ည့်ပမာ ခစာံးမိစေသည။် သြို့ငားလည်း
၎င်းနှင့် ဆန့်ကျင်ဖက် ကျွန်ုပ်တို့သည် ကိုယ်တော့်အတွက်
အလွန်အရေးပါကြောင်း အချက်က အမှန်ဖြစ်ကြောင်း
ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ဖော်ပြထားသည်။
ကျွန်ုပ်တို့၏ ကြီးမြတ်သော ဘုရားရှင်သည် ‘‘ရေများကို
လက်ဆွန်းဖြင့် ခြင်သောသူ’’ (ဟေရှာ ၄၀း၁၂) ဖြစ်ပြီး သူ၏
ပုံသဏ္ဍာန်နှင့်အညီ…

မှောင်မိုက်ထဲမှအလင်း

တောင်ကုန်းတောင်တန်း ထူထပ်ပေါများလှသော ပီရူးနိုင်ငံသို့ အလည်အပတ်
သွားခဲ့စဉ်က ဂူတစ်ခုသို့ ကျွန်တော် ရောက်သွားသည်။ ကျွန်တော်တို့၏ လမ်းပြက
ဤဂူကြီးသည် အခြားဂူများနှင့် မတူဘဲ ထူးခြားကြောင်း၊ အနက် ၉ မိုင် အထိ
မတ်စောက်ကြောင်း ရှာဖွေတွေ့ရှိထားသလို ထိုထက်မကလည်း နက်ရှိုင်းကြောင်း
ပြောပြသည်။ ဂူထဲ၌ စိတ်ဝင်စားစရာ လင်းနို့များ၊
ညအချိန်မှသာ ကျက်စားသောငှက်များနှင့် အံ့ဩဖွယ်
ကျောက်စိုင် ပုံသဏ္ဌာန်များ တွေ့ရှိခဲ့ရသည်။ သို့သော်
မကြာမီမှာပင် ဂူကြီး၏အမှောင်ထုကြီးက မွန်းကြပ်လာသည့်
အထိ ခြောက်ခြားစရာ ကောင်းလှသည်။ ကျွန်တော်တို့
ဂူပြင်ပြန်ထွက်ပြီး၊ နေအလင်းရောင်ပြန်ရ မှသာ သက်သာရာ
ရရှိခဲ့သည်။
ထိုအဖြစ်အပျက်က အမှောင်ထုကြီးသည် မည်မျှ
ဖိနှိပ်ချုပ်ချယ်ပြီး မွန်းကြပ်ဖွယ်ကောင်းကြောင်းနှင့် ကျွန်ုပ်တို့
အလင်းကို မည်မျှလိုအပ်နေကြောင်း အကြွင်းမဲ့ သတိပေး
နေသည်။ ကျွန်ုပ်တို့အားလုံးသည် ဖန်ဆင်းရှင်ဘုရားကို ဆန့်ကျင်နေသော၊ အပြစ်…